Wednesday, October 12, 2016

မှန်တစ်ချပ်သဖွယ် ဖောက်ထွင်းမြင်နိုင်တဲ့ OLED တီဗီတစ်မျိုးကို Panasonic ထုတ်ဖော်ပြသ



မှန်တစ်ချပ်သဖွယ် ဖောက်ထွင်းမြင်နိုင်တဲ့ OLED တီဗီတစ်မျိုးကို Panasonic ထုတ်ဖော်ပြသ


ရုတ်တရက်ကြည့်လိုက်ရင် နံရံကပ်ဗီရိုမှာ ဆွဲမှန်တစ်ချပ်တပ်ထားတယ်ပေါ့။ သိပ်မထူးဆန်းဘူးလို့ ထင်စရာပါ။ ဒါပေမယ့် မှန်ရှေ့မှာ လက်နဲ့ဝှေ့ယမ်းလိုက်ရုံ (ဒါမှမဟုတ်) ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မှန်ပေါ်မှာ ဗီဒီယိုရုပ်ပုံတွေ ရုတ်တရက်ပေါ်လာမှာကို အံ့အားသင့်ဖွယ်မြင်ရမှာပါ။
ဒါဟာ Panasonic က တီထွင်ထားတဲ့ OLED TV တစ်လုံးဖြစ်ပြီး၊ မှန်တစ်ချပ်လို ဟိုဖက်ဒီဖက်ထုတ်ချင်းဖောက် မြင်ရနိုင်ပါတယ်။
Video Player
Panasonic ဟာ ယခုလိုထုတ်ချင်းဖောက်မြင်ရတဲ့တီဗီတစ်မျိုးကို လွန်ခဲ့တဲ့ဇန်နဝါရီလက CES ပွဲမှာ စတင်မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး၊ ယခုထုတ်ပြခဲ့တဲ့မော်ဒယ်က ပုံရိပ်အရည်အသွေးပိုမြင့်လာတာတွေ့ရပါတယ်။
Panasonic ရဲ့ အဓိကရည်မှန်းချက်ကတော့ လုံးဝမမြင်ရတဲ့ ‘ကိုယ်ပျောက်တီဗီ’ တွေကို ထုတ်နိုင်ဖို့ပါတဲ့။
Panasonic ရဲ့ ပြောကြားချက်အရ ယခုလိုကိုယ်ပျောက်တီဗီမျိုးထုတ်နိုင်ဖို့အတွက် LED စခရင်အစား ပုံရိပ်တစ်ခုဖော်ပြဖို့ backlight နောက်ခံအလင်းမလိုတဲ့ OLED ကို အစားထိုးအသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီမှာ ပြသခဲ့တဲ့ prototype ရှေ့ပြေးမော်ဒယ်တုန်းက ပုံရိပ်အရည်အသွေးက အရမ်းမှိန်နေပြီး၊ ပုံကောင်းကောင်းမြင်ရဖို့အတွက် backlight နောက်ခံအလင်းသုံးခဲ့ရပေမယ့်၊ ယခုမော်ဒယ်မှာတော့ ပုံရိပ်တွေက ကြည်လင်ပြတ်သားစွာမြင်နေရပြီဖြစ်ပါတယ်။
Panasonic ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ကိုယ်ပျောက်တီဗီထုတ်လုပ်မှုဟာ နောက်ထပ်သုံးနှစ်လောက်တော့ အချိန်ယူရဦးမယ်ဖြစ်တယ်လို့ သိရပါတယ်။
Ref: DailyMail, Engadget

No comments:

Post a Comment

Mi Account Lock ကျပီး Password မေ့နေတ့ ဖုန်းတွေကို Account lock ဖြည်နည်းလေးပါ(ဖုန်းဖြင့်ဖြည်နည်း) ကျနော်တွေ့ကြုံတာလေးပြန်မျှဝေတာပါ မိမိဖ...