Wednesday, October 12, 2016

Apple Mac Pro နဲ့ ဒီဇိုင်းဆင်တူတဲ့ ဆလင်ဒါ PC တစ်လုံးကို Samsung တိတ်တဆိတ် ထုတ်လုပ်

Apple Mac Pro နဲ့ ဒီဇိုင်းဆင်တူတဲ့ ဆလင်ဒါ PC တစ်လုံးကို Samsung တိတ်တဆိတ် ထုတ်လုပ်

Samsung ဟာ Samsung ArtPC Pulse လို့ မော်ဒယ်နာမည်ပေးထားတဲ့ PC အသစ်တစ်လုံးကို Amazon US ကနေ တိတ်တဆိတ် စတင်ရောင်းချခဲ့တာ တွေ့ရပါတယ်။
Samsung ရဲ့
ဆလင်ဒါပုံစံ ArtPC Pulse ဟာ အမှိုက်ပုံးတစ်ခုနဲ့ တော်တော်တူညီသလို၊ ပြိုင်ဘက် Apple ကုမ္ပဏီက လွန်ခဲ့တဲ့သုံးနှစ်ကျော် ၂၀၁၃ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တဲ့ ဒုတိယမျိုးဆက် Mac Pro PC နဲ့လည်း ဒီဇိုင်းတော်တော်ဆင်နေတာကို သတိထားမိမှာပါ။
ဒီဇိုင်းပိုင်းမှာ တူညီပေမယ့် စွမ်းဆောင်ရည်ကတော့ Apple က ထုတ်ပြထားတဲ့ Mac Pro လောက်တော့ မမြင့်ပါဘူး။
ArtPC Pulse ဟာ ကိုယ်ထည်အရှည်အားဖြင့် ၁၁ လက်မ၊ အကျယ် ၅.၅ လက်မရှိပြီး၊ ကိုယ်ထည်ကို အနက်ရောင်သတ္တုကိုယ်ထည်အပြည့်နဲ့ လုပ်ထားပါတယ်။ စက်ဖွင့်လိုက်ရင် ကွန်ပြူတာအလယ်မှာ ပါတဲ့ မီးကနေ ဘေးကို ပတ်လည်ပြေးနေမှာပါ။
ဒီ ArtPC Pulse ဟာ ကွန်ပြူတာတစ်လုံးအပြင် နာမည်ကျော် Harmon Kardon ရဲ့ အသံပတ်လည်ပြေးစပီကာမော်ဂျူးတစ်ခုကိုလည်း PC ထိပ်မှာ တပ်ဆင်ထားပါတယ်။
untitled
PC ကို စိတ်ကြိုက်ဆင်တာခေတ်စားလာတဲ့ ဒီဘက်ခေတ်အတွက် မော်ဂျူလာဒီဇိုင်းပုံစံလုပ်ထားပြီး၊ expansion မော်ဂျူးတွေကို သုံးသူကိုယ်တိုင် အလွယ်တကူတပ်ဆင်နိုင်မှာပါ။ ယခု PC အကြောင်းဖော်ပြထားတဲ့ Amazon စာမျက်နှာမှာတော့ 1TB HDD မော်ဂျူးတစ်ခုကို သက်သက်ဝယ်ယူနိုင်မှာဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။
Samsung ArtPC Puls ကို ကိုယ်နှစ်သက်ရာ ဟာ့ဒ်ဝဲမော်ဒယ်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ လောလောဆည်တော့ pre-order ပဲ မှာထားနိုင်မှာဖြစ်ကာ ယခုလကုန်လောက်မှ တင်ပို့ရောင်းချသွားဖို့ ရှိပါတယ်။ ဒီ့အပြင် US Amazon မှာပဲ တင်ထားတာတွေ့ရပြီး၊ UK ဆိုက်မှာတော့ မတွေ့ရသေးပါဘူး။
ဈေးနှုန်းကတော့ အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ 2.7GHz Intel Core i5 (Skylake) ပရိုဆက်ဆာ၊ 8GB DDR4 RAM ၊ 2GB AMD Radeon RX 460 ဂရပ်ဖစ်ကတ်၊ 256 GB SSD ၊ USB Type-C port တစ်ခုနဲ့ ရိုးရိုး USB အပေါက်လေးခုပါတဲ့ မော်ဒယ်က တန်ဖိုး ဒေါ်လာ ၁၁၉၉ ရှိပါတယ်။
3.4GHz Intel Core i7 ပရိုဆက်ဆာ၊ 16GB RAM နဲ့ 1TB SATA HDD ကော 256 GB SSD ပါ, ပါဝင်တဲ့ မော်ဒယ်ကတော့ ဒေါ်လာ ၁၅၉၉ ဖြစ်ပါတယ်။ တခြားဟာ့ဒ်ဝဲပစ္စည်းတွေကတော့ အထက်ကမော်ဒယ်နဲ့ အတူတူပါပဲ။
Samsung အနေနဲ့ ယခု PC မှာ တပ်ဆင်နိုင်မယ့် မော်ဂျူးစာရင်းကိုတော့ ဖော်ပြထားခြင်းမရှိသေးတာကို တွေ့ရသလို၊ ဘယ်အစိတ်အပိုင်းတွေကို user ကိုယ်တိုင်စိတ်ကြိုက်လဲနိုင်မလဲဆိုတာကိုလည်း မဖော်ပြထားသေးပါဘူး။

Ref: Trusted Reviews

Credit to  Digital Times

No comments:

Post a Comment

Mi Account Lock ကျပီး Password မေ့နေတ့ ဖုန်းတွေကို Account lock ဖြည်နည်းလေးပါ(ဖုန်းဖြင့်ဖြည်နည်း) ကျနော်တွေ့ကြုံတာလေးပြန်မျှဝေတာပါ မိမိဖ...